ခေတ်သစ်လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်း (Lifestyle Modification throu...
25-Jun-2026
ခေတ်သစ်လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်း (Lifestyle Modification through AI age)
+++++++++++++++++++++++++++++++++++
ခေတ်သစ်ဆေးပညာရပ်များ၊ လူနေမှုဘဝအသုံးအဆောင်ပစ္စည်းနည်းပညာအဆင့်အတန်းများ၊ ပညာရေးကဏ္ဍတိုးတက်ပြောင်းလဲမှုများမှာ ဆယ်စုနှစ်များစွာပြောင်းလဲတိုးတက်လာပါသည်။ ကျန်းမာရေးကဏ္ဍတွင်လည်း ရောဂါစစ်ဆေးသည့်နည်းပညာများ၊ ဆေးကုသရေးစနစ်များ၊ ကုထုံးသစ်များ၊ အရှိန်အဟုန်မြင့်မားလာသော်လည်း အခြေခံတစ်ကိုယ်ရေကျန်းမာရေးစံနှုန်းများမပြောင်းလဲပါ။ အဆိုပါ တစ်ကိုယ်ရေကျန်းမာရေးစံနှုန်းဆိုသည်မှာ-
၁။ သဘာဝမှရသောအသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစားအသောက်များကိုအလေးပေးစားသုံးခြင်း။
၂။ ပြင်ဆင်ချက်ပြုတ်သည်မှအစကျန်းမာရေးနှင့်လျော်ညီသော အလေ့အကျင့်များ သတိပြုလုပ်ဆောင်ခြင်း။
၃။ ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအစာပုံစံ (အော်ဂဲနစ်ဟင်းသီးဟင်းရွက် - ၅၀%၊ သန့်ရှင်းလတ်ဆတ်သောအသား/ငါး/ဥအမျိုးမျိုး - ၂၀%၊ ကာဗိုဟိုက်ဒရိတ် အခြေခံ ဆန်/ဂျုံ/ပြောင်းတစ်မျိုးမျိုး - ၂၀%၊ လတ်ဆတ်သောအသီးအနှံတစ်မျိုးမျိုး - ၁၀%)
၄။ သန့်ရှင်းသောသောက်သုံးရေ စနစ်တကျချိန်တွယ်သောက်သုံးခြင်း။ (လူတစ်ဦးတစ်နေ့တာရေလိုအပ်ချက်တွက်ချက်ပုံ - 35ml/kg/day)
၅။ လူတစ်ဦးတစ်ရက်တာပျမ်းမျှအိပ်စက်အနားယူချိန် ၇-၈နာရီ ရှိစေရန်တိတိကျကျလိုက်နာခြင်း။
၆။ ကိုယ်လက်လှုပ်ရှားအားကစားတစ်မျိုးမျိုးအား တစ်ရက်ပျမ်းမျှ ၂၀-၃၀ မိနစ်၊ တစ်ပတ်ပျမ်းမျှ ၁၀၀-၁၅၀ မိနစ် အလေ့အကျင့်ဖြစ်အောင်လိုက်နာခြင်း (Indoor and Outdoor Exercise)
၇။ စိတ်ကျန်းမာရေး၊ စိတ်လန်းဆန်းတက်ကြွစေရေးအတွက် Mindfulness လေ့ကျင့်ခန်းများ (တရားထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းအပါအဝင်)
၈။ အလုပ်ခွင်စိတ်ဖိစီးမှုလျော့ချခြင်း၊ စစ်ဆေးခြင်း၊ မိမိစိတ်ကြိုက်လက်တွေ့တွင်ရှိသင့်ရှိထိုက်သည့် လူမှုစီးပွားပတ်ဝန်းကျင်ရှိကျင့်ဝတ်များနှင့်အညီ လိုက်ပါလုပ်ဆောင်နိုင်စွမ်းမွေးမြူခြင်း။
၉။ မိသားစု၊ ပတ်ဝန်းကျင်ရှိ ခံယူချက်၊ သဘောထားတူ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် စုဝေးခြင်း၊ အမြင်ချင်းလွတ်လပ်ပေါ့ပါးစွာဖလှယ်ခြင်း၊ ရင်ဖွင့်ခြင်း၊ တိုင်ပင်ခြင်းများ။
၁၀။ လိုအပ်ပါက မိမိစိတ်ခံစားချက်များ၊ ဒွိဟဖြစ်ဖွယ်ရာ ကိုယ်/စိတ်ကျန်းမာရေးကိစ္စများအား ဆွေးနွေးတိုင်ပင်ရန် မိမိကိုယ်တိုင် ယုံကြည်လေးစား၊ တန်ဖိုးထားရသော Third-party Consultation လုပ်နိုင်သော လူပုဂ္ဂိုလ် (ဥမပာ။ ဆရာဝန်၊ ဘာသာရေးခေါင်းဆောင်၊ အကြီးအကဲ စသဖြင့်) နှင့်တိုင်ပင်ခြင်း၊ အကြုံရယူခြင်း၊ ဆွေးနွေးအဖြေရှာခြင်း။
အထက်ပါလူနေမှုဘဝအတွက်နေ့စဉ်ရှိသင့်သည့်စံနှုန်းများဖြစ်ရာ မိမိကိုယ်မိမိ တနေ့တာဖြတ်သန်းပြီးတိုင်း ဆယ်ချက်ထဲမှ မိမိဘယ်အချက်ကိုအားနည်းပါသနည်း။ ဘယ်အချက်ကိုပြီးပြည့်စုံနေပါသနည်း။ ဆန်းစစ်ခြင်းဖြင်း စိုးရိမ်ပူပန်နေသော ကပ်ရောဂါများ၊ နာတာရှည်ရောဂါများ၊ ကိုယ်စိတ်ကျန်းမာရေးကိုနှောင့်ယှက်နိုင်သော မည်သည့်အကြောင်းအရင်းကိုမဆို ကြိုတင်ကာကွယ်နိုင်ပြီး အလွယ်တကူဖြတ်ကျော်နိုင်မည်ဖြစ်ပါသည်။
ခေတ်သစ်တိုးတက်မှုနှင့်အတူ လူနေမှုအဆင့်အတန်းကို ပညာရေးတိုးတက်ခြင်း၊ ငွေကြေးကြွယ်ဝချမ်းသာခြင်းအပြင် ကျန်းမာပျော်ရွှင် စိတ်ရွှင်လန်းပြီး အသွင်အပြင်လှပသော ခန္ဓာကိုယ်ပိုင်ဆိုင်ရုံမျှမက အနှစ်သာရဖြစ်သည့် စိတ်ထားဖြူစင်ကျန်းမာခြင်းဖြင့် ဘဝခရီးလမ်း၏အောင်မြင်မှုပန်းတိုင်များစွာကို ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း သတိပေးတိုက်တွန်းလိုပါသည်။
Dr Kyaw (Resilience)
#ModernLifestyle
#HealthArticle
#seveneighteightseven
#7887healthcare
#7887callcenter

